ဈေးကွက်ဈေးနှုန်း

တစ်ပတ်အတွင်း မတ်ပဲဈေးနှုန်းပြောင်းလဲမှုများ (၃.၉.၂၀၂၀ မှ ၉.၉.၂၀၂၀)

Last Updated:

ယခင်သီတင်းပတ်ကာလနောက်ဆုံးရက်များအတွင်း ဧရာဝတီတိုင်းဒေသကြီး မတ်ပဲဈေးနှုန်း သည် တစ်တင်းလျှင် ကျပ် ၃၁၂၀၀ - ၃၁၀၀၀ ဝန်းကျင်ရှိခဲ့ပါသည်။ ယခုသီတင်းပတ်အတွင်း မတ်ပဲဈေးနှုန်းဆက်လက်ကျဆင်းလာပြီး စက်တင်ဘာလ ၃ ရက်မှ ၆ ရက်နေ့အတွင်း မတ်ပဲ ဈေးနှုန်းသည် ကျပ် ၃၁၀၀၀ အောက်သို့ရောက်ရှိလာသည်။ စက်တင်ဘာလ ၆ ရက် မှ ၈ ရက်နေ့ထိ မတ်ပဲဈေးနှုန်းသည် တစ်တင်းလျှင် ကျပ် ၃၀၅၀၀ - ၃၀၆၀၀ ဖြစ်ပါသည်။ စက်တင်ဘာလ ၉ ရက် နေ့တွင် မတ်ပဲဈေး ကျပ် ၃၀၀၀၀ အောက်ဆက်လက်ကျဆင်းသွားသည်။ တစ်တင်းလျှင် ကျပ် ၃၀၀၀၀ - ၂၉၉၀၀- ၂၉၈၀၀ ကျပ်ဖြစ်သည်။

အိန္ဒိယနိုင်ငံသို့မတ်ပဲတင်ပို့ရန်သတ်မှတ်သည့် ကာလကုန်ဆုံးပြီးနောက် မတ်ပဲအဝယ်ပါမစ်များ ထပ်မံချထားပေးခြင်းမရှိသေးချေ။ ထို့ကြောင့်ပြည်တွင်းအဝယ်အေးလျှက်ရှိပြီး မတ်ပဲဈေး ကျဆင်းနေသည်။ အိန္ဒိယနိုင်ငံသည် covid-19 ရောဂါကူးစက်မှု အများဆုံးဒုတိယအဆင့်သို့ ရောက်ရှိလျှက်ရှိပြီး ပြည်တွင်းစီးပွားရေးအခြေအနေများ ကျဆင်းနေခြင်း၊ ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုနှင့်အတူ ဒေါ်လာဈေးနှုန်း၊ ရွှေဈေးနှုန်းကျဆင်းမှုများသည်လည်း မတ်ပဲဈေးနှုန်း အပေါ်များစွာသက်ရောက်လျှက်ရှိသည်။ ပဲရောင်းဝယ်သူကုန်သည်များအနေဖြင့် မတ်ပဲဈေးနှုန်း ဆက်လက်ကျဆင်းနေဦးမည်ဟု ခန့်မှန်းလျှက်ရှိကြောင်း သိရသည်။

 

ဧရာကုန်သွယ်မှုဗဟိုဌာန